Home » » နင်လာမယ့်လမ်းမှာ

နင်လာမယ့်လမ်းမှာ


အဝေးဆီကိုငေး ...
ငါ ဆွေးဆွေးလေးတွေးမိတယ်
မြင်သမျှငေး မင်းပုံလေးတွေ တွေ့မိတယ်..

တစ်ချိန်က ငါတို့လဲ အတူပျော်
နေရာတိုင်းကို အတူသွား ...
နှစ်ယောက်အတူ ပျော်ခဲ့ဖူးတယ်။

တွေ့မြင်သမျှအရာအားလုံး
တို့အချစ်တွေကြောင့် လှပတယ်..
အရာရာပြည့်စုံပြီလို့ ငါ့ရင်ထဲမှာ တွေးခဲ့တယ်..
ငါချစ်တဲ့နင်.. ငါ့နားမှာရှိနေသမျှ
ငါ့ဘ၀က ငါ့ကမ္ဘာက သိပ်ကိုလှပတယ်လို့..

ခုချိန် ငါတို့နှစ်ယောက်ဝေး
နယ်မြေတွေလဲ ခြားခဲ့ပြီ ..
ဖုန်းလေးတွေဆက် မက်ဆေ့တွေပို့
အွန်လိုင်းမှာ vzo တွေချက်နဲ့
တစ်ယောက်ကိုတစ်ယောက်အားပေးရင်း
ကြာလှစွာတဲ့အချိန်တွေလဲ ဖြတ်ခဲ့ပြီ။

နင်ပြောခဲ့တဲ့စကားလုံး
ငါ့နားထဲ အမြဲကြားနေခဲ့ပေါ့ ..
ခုဝေးတာ တစ်နေ့နီးဖို့မလို့
အားတင်းထားနော် .. ဆိုတဲ့ အတိုင်း
ငါ တို့နှစ်ယောက် အတူရှိမယ့်နေ့ကို
စိတ်ကူးနဲ့မှန်း အလွမ်းများစွာထမ်းရင်း..

နင် ပြန်လာမယ့်နေ့ နင်လာမယ့်လမ်းမှာ
ငါ တမ်းတချင်းများစွာနဲ့ စောင့်နေပါတယ်...

လွမ်းဆုလေး 

0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်