Home » » အလွမ်းသင့်သူ

အလွမ်းသင့်သူ

အသစ်မဟုတ်တဲ့
ကောင်းကင်နဲ့ မပြောင်းလဲတဲ့
ညလေးတစ်ညမှာပေါ့..

ငါ အရူးအမူး တမ်းတနေမိတာ
မင်းရဲ့အနမ်းတစ်ခုဆိုရင်
မင်း စိတ်ဆိုးမှာလား ..

လေပြေတွေလဲ
ညင်သာစွာ တိုက်ခတ်နေရဲ့
နှလုံးသားရဲ့ ဟင်းလင်းပြင်မှာတော့
ခိုကိုးရာမဲ့တဲ့ အချစ်ငှက်တစ်ကောင်
နားခိုရာသစ်ပင်ရှာရင်း
တောင်ပံခတ်သံ
တဖျတ်ဖျတ်နဲ့ပေါ့။

မင်းကို လွမ်းတဲ့ အလွမ်းတွေ
ဖွာလန်ကျဲပြန့်နေပုံများ
အားလုံးဆုံးရှုံးခဲ့ရလို့
ငိုကြွေးနေတဲ့ ကလေးငယ်လိုပါပဲ။

သိပ်တော့လဲ မဆန်းတော့ပါဘူး
တစ်ချပ်ချပ်မြည်နေတဲ့ နာရီလက်သံတွေက
နာကျင်နေတဲ့ ငါ့နှလုံးသားအတွက်
ဖြေသိမ့်ပေးနေတယ်။

ငါ့နှလုံးသား မီးစက
ဖွဲမီးလိုဖြစ်နေလေတော့
တငွေ့ငွေ့ပူလွန်းလို့
ရေကြမ်းပြင်အောက်
တိုးဝှေ့နေလဲ အပိုပါပဲ..

စိတ်ပြေရာ စိတ်ပြေကြောင်း
ငါ့နှလုံးသား သစ်ပင်တွေထက်မှာ
လင့် ထိုးပြီး ပတ်ဝန်းကျင်ကို
ငေးကြည့်လိုက်တော့

ညပိုးကောင်တို့က ငါ့အစား
တစီစီ ငိုကြွေးနေလေရဲ့ .. ။

လွမ်းဆုလေး


0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်