Home » » ဘ၀နာရီ

ဘ၀နာရီ

နေ့ရယ် ညရယ်ပြောင်း
အချိန်ဟောင်းတွေ အဝေးမှာ ကျန်ခဲ့ပေမယ့်
ရောက်ရှိလာ နာရီသစ်များဆီသို့
သောကမြူနှင်းတို့ ကပ်တွယ်လာခဲ့။

တချပ်ချပ်မြည်နေတဲ့ နာရီလက်သံတွေက
နာကျင်ခြင်းကို အပြီးတိုင်အောင်
ပြည်ဖုံးကားချဖို့ အသိပေးနေပေမယ့်
အစွဲလန်းကြီးသူ ငါ့စိတ်တွေက
အနာဂတ်ကမ္ဘာထိအောင် ဆွဲခေါ်လာဆဲ.. ။

ဒီဒဏ်ရာတွေ စိုက်ဝင်တာ
နက်လွန်းလှတာကြောင့်
သွေးမတိတ်တဲ့ အနာတစ်ခုလို
သွေးတိတ်ဆေးတောင် မမီနိုင်ခဲ့လို့

ငိုကြွေးခြင်း လမ်းမပေါ်မှာ
မစဲနိုင်တဲ့ ၀သုန်မိုးတို့
အချိန်တိုင်း နေ့ရက်တိုင်းမှာ
ရွာသွန်းလို့ ကောင်းနေဆဲ..
ရွာသွန်းဖို့ မှိုင်းနေဆဲ... ။

လွမ်းဆုလေး

0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်