အချစ်ဆိုတာကို
နားမလည်သေးတဲ့ငါ
အူတူတူ အတတနဲ့
အသဲအသန်ချစ်လိုက်ခါမှ
အလွမ်းတို့နဲ့ စစ်ခင်း
အဆွေး မြေပေါ် ရပ်လျှက်ပေါ့။
တမ်းတခြင်း ကျည်ဆန်တွေက
နာရီတွေကို တစ်ဒိုင်းဒိုင်းပစ်ရင်း
မျက်ရည်ချောင်းတွေဖန်တီးလို့ ။
ကြေကွဲမှု စစ်တပ်ကြီးဆီက
ခံစားခြင်းခရာမှုတ်သံနဲ့အတူ
မျှော်လင့်ခြင်း အလံတွေ ရွက်လွင့်
စိတ်ကူးယဉ် အိပ်မက်တို့ ခံတပ်ပြောင်း
နွမ်းလျလျ အချစ်တောမှာ
ဝင်္ကပါထက်နက်တဲ့ သံယောဇဉ်တို့နဲ့
ငါ တိုက်ပွဲဝင်ခဲ့တယ်။
မမြင်နိုင်တဲ့ မုန်တိုင်းတို့
ဘယ်ချိန်ကျရောက်မှာ ငါ မသိပေမယ့်
အချစ်မြှားကိုင်လျှက် ရပ်နေမိသူ
ငါ့မှာတော့ …
လွမ်းဆွေးခြင်းသွေးကွက်ကြားမှာ
နားမလည်သေးတဲ့ငါ
အူတူတူ အတတနဲ့
အသဲအသန်ချစ်လိုက်ခါမှ
အလွမ်းတို့နဲ့ စစ်ခင်း
အဆွေး မြေပေါ် ရပ်လျှက်ပေါ့။
တမ်းတခြင်း ကျည်ဆန်တွေက
နာရီတွေကို တစ်ဒိုင်းဒိုင်းပစ်ရင်း
မျက်ရည်ချောင်းတွေဖန်တီးလို့ ။
ကြေကွဲမှု စစ်တပ်ကြီးဆီက
ခံစားခြင်းခရာမှုတ်သံနဲ့အတူ
မျှော်လင့်ခြင်း အလံတွေ ရွက်လွင့်
စိတ်ကူးယဉ် အိပ်မက်တို့ ခံတပ်ပြောင်း
နွမ်းလျလျ အချစ်တောမှာ
ဝင်္ကပါထက်နက်တဲ့ သံယောဇဉ်တို့နဲ့
ငါ တိုက်ပွဲဝင်ခဲ့တယ်။
မမြင်နိုင်တဲ့ မုန်တိုင်းတို့
ဘယ်ချိန်ကျရောက်မှာ ငါ မသိပေမယ့်
အချစ်မြှားကိုင်လျှက် ရပ်နေမိသူ
ငါ့မှာတော့ …
လွမ်းဆွေးခြင်းသွေးကွက်ကြားမှာ
0 (လွမ်းဆုလေး) :
Post a Comment