Home » » အနှိုင်းမဲ့ ဖေဖေ

အနှိုင်းမဲ့ ဖေဖေ


မိခင်ဝမ်းကြာတိုက်မှ
အူဝဲဆိုတဲ့ အသံနဲ့
လူလောကအလယ်
ဝင်ရောက်လာခဲ့ သားသမီးအသံ
ကြားမိစဉ်ခဏ ပီတိဝေဖြာ
အားသစ်တိုးကာ သားသမီးအတွက်
စီးပွားတိုးရှာ ရုန်းကန်ရင်းနဲ့
ရာသီတွေ ဘယ်လိုပြောင်းပြောင်း
မမောနိုင် မပမ်းနိုင် ကြိုးစားနေခဲ့။

ဖျားသည် နာသည်
ပူသည် အေးသည်
မောသည် ပန်းသည် ဟု
ပဓာနမထား သားသမီးအတွက်သာ
တွေးပေးနေခဲ့ အဖေရဲ့အတွေးများ
သားသမီးအပေါ် အန္တရာယ်မကျစေဖို့
ကြံ့ကြံ့ခံလျှက် မြို့ရိုးက တံတိုင်းပမာ
ကာကွယ်ပေးခဲ့။

ခြေဖ၀ါးလက်နှစ်လုံး
ပုခုံးလက်နှစ်သစ်
လူမမယ် ကလေးဘ၀မှ
အတောင်စုံကာ ပျံသန်းချိန်ထိ
လိုတိုင်းရ တတိုင်းပြည့်လေအောင်
လူလောကအလယ် တင့်တယ်စေဖို့
ကြိုးစားရှာဖွေ ရုန်းကန်ပေးခဲ့
အဖေ့မေတ္တာဂရုဏာကို
ဘယ်လိုရေးသား ဖွဲ့စေအုံးတော့

မီမယ်မထင် အနန္တဂိုဏ်းဝင်
ကျေးဇူးရှင်မို့ မြင့်မိုရ်တောင်နှင့်ယှဉ်
မြူမှုန်မျှသာ ဖြစ်သွားပါရဲ့လို့
ပမာတင်စား ထားမိပါသည်
အတုမဲ့သော မွေးသဖခင်
ကျေးဇူးရှင် ဖေဖေဟု.... ။

လွမ်းဆုလေး


သမီးရဲ့ ကဗျာမပီ စာမညီပဲ တတ်သိသမျှ ဥာဏ်ပညာနှင့် ရေးဖွဲ့မိတဲ့ ဒီကဗျာငယ်ကို ဖေဖေကြားသိ ဖတ်မိနိုင်လျှင် သမီးဘ၀ သေပျော် ပါပြီ လို့ ဝေးတစ်နေရာမှ ရင်နှင့်ရင်းထား ဖေဖေ့အတွက် ရေးသား တင်ပြလိုက်ပါသည်။
Photo: အနှိုင်းမဲ့ ဖေဖေ 
***************

မိခင်ဝမ်းကြာတိုက်မှ
အူဝဲဆိုတဲ့ အသံနဲ့ 
လူလောကအလယ် 
ဝင်ရောက်လာခဲ့ သားသမီးအသံ
ကြားမိစဉ်ခဏ ပီတိဝေဖြာ 
အားသစ်တိုးကာ သားသမီးအတွက် 
စီးပွားတိုးရှာ ရုန်းကန်ရင်းနဲ့
ရာသီတွေ ဘယ်လိုပြောင်းပြောင်း
မမောနိုင် မပမ်းနိုင် ကြိုးစားနေခဲ့။

ဖျားသည် နာသည်  
ပူသည် အေးသည်  
မောသည် ပန်းသည် ဟု
ပဓာနမထား  သားသမီးအတွက်သာ
တွေးပေးနေခဲ့  အဖေရဲ့အတွေးများ
သားသမီးအပေါ် အန္တရာယ်မကျစေဖို့
ကြံ့ကြံ့ခံလျှက် မြို့ရိုးက တံတိုင်းပမာ
ကာကွယ်ပေးခဲ့။

ခြေဖ၀ါးလက်နှစ်လုံး
ပုခုံးလက်နှစ်သစ် 
လူမမယ် ကလေးဘ၀မှ
အတောင်စုံကာ ပျံသန်းချိန်ထိ
လိုတိုင်းရ တတိုင်းပြည့်လေအောင် 
လူလောကအလယ် တင့်တယ်စေဖို့ 
 ကြိုးစားရှာဖွေ ရုန်းကန်ပေးခဲ့  
အဖေ့မေတ္တာဂရုဏာကို 
ဘယ်လိုရေးသား ဖွဲ့စေအုံးတော့ 

မီမယ်မထင် အနန္တဂိုဏ်းဝင် 
ကျေးဇူးရှင်မို့ မြင့်မိုရ်တောင်နှင့်ယှဉ် 
မြူမှုန်မျှသာ ဖြစ်သွားပါရဲ့လို့ 
ပမာတင်စား ထားမိပါသည်
အတုမဲ့သော  မွေးသဖခင် 
ကျေးဇူးရှင် ဖေဖေဟု.... ။

           လွမ်းဆုလေး

သမီးရဲ့ ကဗျာမပီ စာမညီပဲ တတ်သိသမျှ ဥာဏ်ပညာနှင့် ရေးဖွဲ့မိတဲ့ ဒီကဗျာငယ်ကို ဖေဖေကြားသိ ဖတ်မိနိုင်လျှင် သမီးဘ၀ သေပျော် ပါပြီ လို့ ဝေးတစ်နေရာမှ ရင်နှင့်ရင်းထား ဖေဖေ့အတွက် ရေးသား တင်ပြလိုက်ပါသည်။

0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်