Home » » ငါသာလျှင် ...

ငါသာလျှင် ...


နာကျင်ခံစား ဒီ အလွမ်းများက
ငါ့အိပ်စက်ခြင်းကိုခိုး
ဟိုး .. အဝေးကို ထွက်ပြေးခဲ့။

မှိတ်နေတဲ့ မျက်ဝန်းထက်မှာ
အတိတ်ကပုံရိပ်များ
ခါးသီးစရာအဖြစ်
ရောက်လာပြန်တော့
တမ်းတစိတ်နဲ့ ငိုမိတယ်။

ခံစားမှု တီးလုံးတွေက
နှလုံးသွေး တစ်ချက်ခုန်တိုင်း
တစ်ခါ သတ်ခံရတော့
င့ါရင်ထဲပင်လယ်ပြင်မှာ
သွေးချင်းချင်းနီနေခဲ့ပေါ့။

သတိရတိုင်း စာတွေရေး
ဖြေမဆည်နိုင် အမှတ်တရတို့
အတင်းဝင်ရောက်လာတော့
အရှုံးများနဲ့ ငါ့မှာ
သွက်သွက်ခါအောင် ရူးချင်မိခဲ့။

မလိုလို့ထား
သူစိမ်းကားခဲ့တာတောင်
အမုန်းတစ်ဖက် အချစ်တစ်ဖက်နဲ့
ငါ့စိတ်ငါ့ကိုယ် တိုက်ပွဲဝင်နေခဲ့မိတော့

နောက်ဆုံး အဖြေထွက်ချိန်မှာ
ငါသာလျှင်ရှုံး
ငါသာလျှင် မုန်း
ငါသာလျှင် စွန့်ပစ်ခြင်း ခံရသူပါ။

လွမ်းဆုလေး
Photo: နာကျင်ခံစား ဒီ အလွမ်းများက
ငါ့အိပ်စက်ခြင်းကိုခိုး
ဟိုး .. အဝေးကို ထွက်ပြေးခဲ့။

မှိတ်နေတဲ့ မျက်ဝန်းထက်မှာ
အတိတ်ကပုံရိပ်များ 
ခါးသီးစရာအဖြစ် 
ရောက်လာပြန်တော့ 
တမ်းတစိတ်နဲ့ ငိုမိတယ်။

ခံစားမှု တီးလုံးတွေက
နှလုံးသွေး တစ်ချက်ခုန်တိုင်း
တစ်ခါ သတ်ခံရတော့
င့ါရင်ထဲပင်လယ်ပြင်မှာ 
သွေးချင်းချင်းနီနေခဲ့ပေါ့။

သတိရတိုင်း စာတွေရေး
ဖြေမဆည်နိုင် အမှတ်တရတို့
အတင်းဝင်ရောက်လာတော့
အရှုံးများနဲ့ ငါ့မှာ 
သွက်သွက်ခါအောင် ရူးချင်မိခဲ့။

မလိုလို့ထား 
သူစိမ်းကားခဲ့တာတောင် 
အမုန်းတစ်ဖက် အချစ်တစ်ဖက်နဲ့ 
ငါ့စိတ်ငါ့ကိုယ် တိုက်ပွဲဝင်နေခဲ့မိတော့

နောက်ဆုံး အဖြေထွက်ချိန်မှာ
ငါသာလျှင်ရှုံး
ငါသာလျှင် မုန်း 
ငါသာလျှင် စွန့်ပစ်ခြင်း ခံရသူပါ။

          လွမ်းဆုလေး

0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်