Home » » သွေးတိုးနှုန်းကို ကျဆင်းစေသည့် နွားနို့

သွေးတိုးနှုန်းကို ကျဆင်းစေသည့် နွားနို့


ဂျပန် ဆေးပညာရှင် များ၏ ယူဆချက် အရ နွားနို့သည် သွေးတိုးရောဂါ ကို ကာကွယ် ပေးနိုင်သည့် သတ္တိရှိ သည်ဟု ယူဆကြသည်။

အကြောင်းရင်းမှာ နွားနို့တွင် ပါဝင်သော ပရိုတင်း ဓာတ်များသည် သွေးကြောများ၏ ပျော့ပျောင်းမှုကို ထိန်း သိမ်းပေးပြီး သွေး ကြော မာကျစ်မှု မရှိအောင် တားဆီးပေးခြင်း၊ ဆိုဒီယမ်(ဆားဓာတ်) လွန်ကဲမှုကို ချေ ဖျက်ပေးသည့် အာနိသင် ရှိကြောင်း သိရသည်။

ဂျပန် ဆေးပညာရှင်များက ကျန်းမာသည့် အရွယ် ရောက်ပြီးသူ ၁၃၁ ဦးကို စမ်းသပ် စောင့်ကြည့် အကဲ ခတ်ခဲ့ကြပြီး အစမ်းသပ်ခံ ပုဂ္ဂိုလ်များ အားလုံးသည် နေအိမ်၌ပင် နေကြရသည်။ နေ့စဉ် နွားနို့ (သုံးပုလင်း= ၆ဝဝ စီစီ)ကို သောက်ကြရပြီး ၁ဝ လကြာသည့် နောက်တွင် မူလက အပေါ်သွေးတိုးနှုန်း ၁၁ဝ ရှိခဲ့ကြ သည့် သူများသည် သွေးတိုးနှုန်း အနည်းငယ် လျော့ကျ သွားသည်ဟု အဆိုပါ သိပ္ပံ ပညာရှင်များ က ပြောကြား ခဲ့သည်။

အဆိုပါ စမ်းသပ် တွေ့ရှိချက်များ အရ နွားနို့သည် သွေးတိုး ရောဂါများကို သွေး တိုးနှုန်း ချပေးနိုင်ပြီး သွေး တိုးနှုန်းသည် အစားအသောက်နှင့်လည်း မလွဲမသွေ ပတ်သက် ဆက်နွှယ်မှု ရှိသည်ဆိုသည့် အချက်ကိုပါ သိရှိနိုင်သည်။
Credit : Myawady

http://www.lyhealthcare.com/topics/သွေးတိုးရောဂါ

0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်