Home » » မောင့်ရဲ့ဘ၀ သာယာမယ်ဆိုရင် ..
မောင့်ရဲ့ဘ၀ သာယာမယ်ဆိုရင် ..
မေ့ရင်ကိုခွဲ 
မေ့ နှလုံးကိုယူ 
မေ့ အသဲကိုစားမှ 
မောင့် ဘ၀လိုအင်
ပြီးပြည့်စုံမယ်ဆိုလျှင် ... 
ဖြူစင်လှပ 
မေ့နှလုံးသားကို 
မောင့်သဘောကျသလို 
ယူနိုင်ပါသည်။ 
မောင့်ကို ချစ်တဲ့ 
ဒီအချစ်မှာ 
မာယာဟင်းခါး 
မုသားဆားနဲ့ 
ဟန်ဆောင်ခြင်း မာဆလာတို့ 
မပါခဲ့ပါဘူး။
နှလုံးသားအစစ်
ရင်ခွင်သစ်နဲ့
မောင့်ဆီကိုလှမ်း 
လက်ကမ်းခဲ့သူပါ။
ကြေကွဲခြင်း မီးတောက်တို့
တမြေ့မြေ့လောင်ကျွမ်းနေလဲ
အပြုံးမျက်နှာ 
မပျက်စေရပါဘူး 
သာယာမယ်ဆိုရင် ......။
လွမ်းဆုလေး 
ကြိုးစားပါအုံးမည်။
0 (လွမ်းဆုလေး) :
Post a Comment
နောက်ဆုံးတင်ခဲ့တော့ပို့စ်များ
Template information
Random post
bg
Get the Flash Player to see this player. Shoutcast & Icecast Server
Popular Posts
မန်ဘာဝင်ရန်